ချစ်သူရေ...
တမ်းတမ်းတတနဲ့တမ်းတမိတဲ့ ရက်တွေ..နေ့ တွေ..လတွေ..နှစ်တွေဟာ..လေထုထဲမှာပဲအငွေ့ ပျံသွားကြတော့မှာ
လားကွာ...။တကယ်တစ်အချစ်နှစ်ခုပေါင်းစပ်တဲ့ အခါ...တစ်ခါတစ်ခါလိုအပ်တဲ့လိုအပ်ချက်တွေကိုအရမ်းမုန်းတယ်။
သူတို့ ပြောတဲ့ ချစ်သူများနေ့ မှာလည်းတူတူမရှိခဲ့ရဘူး။သူတို့ တွေပျော်တဲ့နှစ်သစ်ကူးမှာလည်းတူတူမပျော်ခဲ့ရဘူး..
မီးပန်းတွေကြားထဲကပျော်နေတဲ့ ချစ်သူစုံတွဲတွေလိုသီတင်းကျွှတ်လည်းမဆင်နွဲခဲ့ရဘူး။ရပါတယ်....ချစ်သူ
ကိုယ်နဲ့မင်းနဲ့ ကြားထဲကအမြဲတမ်းဗယ်လင်တိုင်းကိုသူတို့ မနာလို ဖြစ်ကြလိမ့်မယ်။ကိုယ်တို့ ဖုန်းပြောတဲ့ အ
ခါလေပြေညှင်းလေးတွေကတောင်အူပုတ်ကြတယ်ဆိုတာသူတို့ မသိလို့ ...ကိုယ်တို့ ကိုသနားနေမှာပါ။လိပ်ပြာလေး
တွေဝဲနေတဲ့ မနက်ခင်း...နှင်းတွေကျနေတဲ့ ဝိုးတ၀ါး..မှာတွေးကြည့်မျှော်မှန်းမိတာ...ကိုယ့်ချစ်သူအရိပ်ကလေး
တစ်ခုတည်းရယ်ပါ။တောင့်တမှုတွေများနေလို့ ...ဆုမပေးချင်လဲရပါတယ်။ချစ်သူကိုသာတစ်သက်လုံးပိုင်ဆိုင်ခွင့်
လေးတစ်ခုတည်းကိုပဲပေးပါ။အရာရာဟာငါ့ရဲ့ လစ်လျှူရှုမှုကိုခံရမှာသေချာပဲ။ငါ့ဘေးနားပတ်ဝန်းကျင်ကလေထု
ကလည်းမသန့် ဘူး။ငါရောက်နေတဲ့ မှောင်မဲနေတဲ့ မြို့ ပြကြီးမှာ...ချစ်သူမင်းကကိုယ့်အတွက်လမင်းလေးတစ်
စင်းပါ။လွပ်လွပ်လပ်လပ်သာလိုက်ပါကွာ....ကိုယ့်နှလုံးသားတစ်ခုလုံးကိုမင်းရဲ့ အလင်းရောင်တွေနဲ့ သိမ်းကြုံးပွေ့ 
ဖက်ပေးထားပါ။လူတွေရဲ့ ဟန်ဆောင်အပြုံးတွေကြားမှာစီးမြောရင်း...တစ်ခါတစ်ခါငါတောင်ကောက်ကျစ်တတ်
လာတယ်။ချစ်သူ....မင်းကိုချစ်တယ်ဆိုတာငါ့ရဲ့ ဘေးမှာရှိနေပေးဖို့ ဆိုတာထက်ငါ့နှလုံးသားမှာရှိနေတယ်ဆိုတာ
ကပိုမှန်ပါတယ်။မင်းကိုလိုအပ်တယ်ဆိုတာငါ့ဝိဥာဉ်ကိုငါလိုအပ်တာထက်....ချစ်သူမင်းကိုပိုပီးတောင်တနေတဲ့ 
သူပါ။တစ်နေ့ တစ်နေ့ စီးမျှောနေတဲ့ လူစီးချောင်းကြီးထဲမှာငါဟာမျှောပါရင်း...မရောင့်ရဲမှုအရေခွံ့ ကိုစွပ်လို့ ငါဟာ
မာနမိုးတွေရွာနေတဲ့ အကြင်နာမဲ့ ကောင်းကင်ကြီးအောက်မှာပြေးလွားနေတဲ့လူတစ်ယောက်ဖြစ်နေပီ။
ဟိုးးးးးရှေးရှေးတုန်းကအစချီပီးပြောခဲ့တဲ့ ပုံပြင်လေးတွေ...ချစ်သူမင်းနှစ်သက်နေပါစေလို့ ငါဆုတောင်းပါတယ်။
ချစ်သူ....လို့ တပ်ပီးရေးခဲ့တဲ့ကဗျာလေးတွေ...မင်းရင်ခုန်နေပါစေ။
အရမ်းလွမ်းတယ်လို့ ပြောပီး.....ငါပေးခဲ့အနမ်းတွေမင်းပါးပြင်မှာစွဲကျန်နေပါစေ။
မင်းကိုလွမ်းပီးရေးမိတဲ့ ကဗျာလေးတစ်ပုဒ်တောင်အသက်ရှိသေးတယ်....
- လူတစ်ယောက်အတွက် လိုအပ်ချက်-
-မလိုအပ်ပါဘူးးကွာ...ပကာသနတွေ
-ငါ့ဘေးနားကနေ..ဆွဲခွာသွားကြစမ်းပါ
-ငါဟာ....ဆေးရောင်ကျွှတ်နေတဲ့ ကောင်
-ငါ့ကိုအရောင်မှိန်တယ်ဆိုပီးအရောမ၀င်လည်း
-ရပါတယ်။ ။
-ငါအားလုံးကိုခွင့်လွတ်တယ်.....။
-ငါ့ကိုယ်ငါအရောင်တင်ဖို့ ကြိုးစားမိတယ်.
-မောဟတွေမာနတွေနဲ့ ပေါ့
-သူတို့ ပြောတဲ့ဟန်ဆောင်မှု
-ငါစားသုံးကြည့်တော့
-ဘာလို့ ခါးနေရတာလဲ...
-ငါ့တစ်ကိုယ်လုံးအရေခွံ့ လဲနေတယ်ဆိုရင်တောင်
-ငါ့နှလုံးသားပတ်ကြားမအက်စေရဘူး
-ချစ်တဲ့ မင်းကိုထည့်ထားလို့ ပေါ့...။
-မှောင်မိုက်တဲ့ ငါ့ဘ၀မှာ
-လမင်း....မင်းတော့သာပေးပါ
-နီယွန် မီးတွေမလို ပါဘူး
-ဖယောင်တိုင်တွေမလိုပါဘူး
-ငါဟာမင်းရဲ့ အချစ်ပါးပါးလေးသုတ်ထားတဲ့ 
-ပေါင်မုန့် တစ်ချပ်
-မနက်စာအဖြစ်...စားပါရစေ...။
လင်းနေမင်း

No comments:
Post a Comment