Sunday, February 15, 2015

dream city

#lအရောင်တွေတော့မှိန်ချင်တာပေါ့
ဒါပေမယ့်...
အကြောင်းကြောင်းကြောင့်ငါကိုယ်ငါ
လင်းလက်ခဲ့ရတယ်
တစ်ချို့ ...တစ်ချို့ သောသူတွေအတွက်
ငါက.....
တစ်ဖျစ်ဖျစ်လောင်မြိုက်နေတဲ့ ...မီးစာလား၊?
အေးပါကွာ....
မင်းတို့ ဘ၀လေးတွေလင်းစေဖို့ 
ငါ့ကိုယ်ငါလောင်မြိုက်ပေးရမှာပေါ့
ပိုးဖလံမျိုးကတော့
မီးကိုတိုးတာသဘာဝပဲ....ဘယ်လင်းယုန်မှ
ဝတ်ရည်မစုတ်သလို
ဘယ်...လိပ်ပြာမှလဲအသားမစားဘူး...
ဒါပေမယ့်ကွာ...
တစ်ချို့ တစ်ချို့ ....လူတွေမှာ
အတ္တတွေလိမ်းချယ်ထားတဲ့ မာနနဲ့ ..
သူတို့ ကိုယ်သူတို့အလှဆင်လို့ 
မှိတ်တုတ်မှိတ်တုတ်ပါပဲ...
ဒါပေမယ့်...
ပိုးစုတန်းကျူးလေးမှိတ်တာနဲ့ 
ကြယ်လေးတွေမှိတ်တာကွာသေးတယ်လေ..
ငါလေ....
ငါ့တစ်လုံးစာရဲ့ အချောဆုံးအလယ်တစ်ဗြူး..
မင်း.....
လေတံခွန်လုပ်လွတ်ဖို့ ..
ငါ့....ဆီ....က....ဆွဲ....ယူ...သွား...ကြ....တယ်
ဝဲခွင့်ရတုန်းတော့..
လေထဲ...ငါဝဲလိုက်ဦးမယ်ကွာ
မင်းပျော်မှာပါ။ ။


Linnay